တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်နှင့် တပ်နယ် ရေကစားမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်နှင့် တပ်နယ် ရေကစားမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး

 






MNP - ဧပြီ     ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ထားဝယ်တပ်နယ်များရှိ ရေကစားသင်္ကြန်မဏ္ဍပ်များတွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ က ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန် ယိမ်းအကအဖွဲ့များ၏ ကပြ သီဆိုဖျော်ဖြေနေမှုများ၊ တပ်နယ်မိသားစုများ၏ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေနေမှုများတေးသံရှင်များ၏ သီဆို ဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေ နေမှုများကို ကြည့်ရှုအားပေး ပြီးဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့သို့ ထားဝယ်မြို့ ၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်နှင့် ထားဝယ်တပ်နယ်များရှိ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံ ကျွေးမွေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)