MNP - ဧပြီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရှင်ပြု၊ ရဟန်းခံများ ပုဂ္ဂိုလ်များနှင့် ဒုလ္လဘရဟန်းသံဃာတော်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ကချင်ပြည်နယ်တစ်ဝှမ်း ကာကွယ် ဆေးထိုးနှံရန် အကျုံးဝင်သူ အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မဟာသင်္ကြန် ပွဲတော်ကာလအတွင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ဝန်းသိုကျောင်းတိုက်အတွင်းရှိ သင်္ကြန်ကာလရှင်ပြုရဟန်းခံ ပုဂ္ဂိုလ်များနှင့် လူပုဂ္ဂိုလ် (၂၂)ဦး တို့အား ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment