ဗဟန်းမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အတက်နေ့တွင် ယိမ်းအဖွဲ့များ ကပြဖျော် ဖြေခြင်းနှင့် အေးချမ်းစွာ ရေကစားခြင်းဖြင့် စည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အတက်နေ့တွင် ယိမ်းအဖွဲ့များ ကပြဖျော် ဖြေခြင်းနှင့် အေးချမ်းစွာ ရေကစားခြင်းဖြင့် စည်းကား

 




MNP - ဧပြီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ယနေ့ နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခဲ့သည်။

ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေး မဏ္ဍပ်အား စီစဉ်ဆောင်ရွက် ထားရှိကာ မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့တွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်၌ သင်္ကြန် ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင် ကိုယ်စားပြု ယိမ်းအဖွဲ့များဖြစ်သော အလင်္ကာမေယိမ်းအဖွဲ့၊ ပန်းတော်ဝင်ယိမ်းအဖွဲ့၊ ရွှေဝါဖူးယိမ်းအဖွဲ့၊ အလင်္ကာချမ်းမြေ့ယိမ်းအဖွဲ့များမှ လှပျိုဖြူလေများက ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။

အဆိုပါ လာရောက်ဖျော်ဖြေကြသော ယိမ်းအဖွဲ့များအား အနောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် တာဝန်ရှိသူများ၊ ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ကြပြီး သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်များ ပက်ဖျန်းခဲ့ကာ စတုဒီသာများဖြင့် ကျွေးမွေး ဧည့်ခံကြကြောင်း သိရသည်။

နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပျော်ရွှင်စွာ တက်ရောက်ရေကစားကြကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)