MNP - ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် မြေပြင်လူဦး ရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါမြေပြင်ရှိ လူဦးရေစာရင်းပြုစုရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ဌာနဆိုင်ရာများမှ မြေပြင်ရှိအမှန်လူဦးရေစာရင်းအား လိုက်လံပြုစုဆောင်ရွက်ခဲ့ကြပြီး၊ ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာများမှ စာရေးများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် စနစ်တကျတိုက်ဆိုင် စစ်ဆေးဆောင်ရွက်ခြင်းနှင့် စာရင်းရေးသွင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment