MNP - ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားစစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက တောင်ကြီး-ဟိုပုံး ပြည်ထောင်စု လမ်းမကြီးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းဝင်ရောက် ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူများ အနေဖြင့် အများပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပါရှိ/မရှိ မေးမြန်းကာ ကိုင်ဆောင် ထောင်ပြစနစ်ဖြင့် စစ်ဆေးပြီး ခရီးသွားပြည်သူများအနေဖြင့် တာဝန်ရှိသူများက စစ်ဆေးသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ထောင်ပြသခြင်းဖြင့် ကူညီပေးရန်၊ ခရီးသွားသည့်အခါ နိုင်ငံသား ကတ်မရှိသူများအနေဖြင့် မိမိဒေသပြန်ရောက်သည့်အခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့၌ ပြုလုပ်ကြရန်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment