မြိုင်မြို့နယ် ကံကလေးရွာထိပ်တွင် မိုင်းရှင်းလင်းနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၊ PDF အကြမ်းဖက်အဖွဲ့မှ ၄ဦး ဒဏ်ရာရပြီး ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ် ကံကလေးရွာထိပ်တွင် မိုင်းရှင်းလင်းနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၊ PDF အကြမ်းဖက်အဖွဲ့မှ ၄ဦး ဒဏ်ရာရပြီး ထွက်ပြေး


MNP ၊ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း၊ မြိုင်-ကမ္မ လမ်းပိုင်းတွင် ယမန်နေ့က သက်ဆိုင်ရာ ပြည်သူ့စစ် အဖွဲ့များမှ စစ်ယာဉ်တန်း ခရီးစဉ် ရှိသဖြင့် လမ်းပိုင်းတစ်လျှောက် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများ ထောင်ထားသော  မိုင်းများ ရှာဖွေရှင်းလင်းနေစဉ် သရက်ကန်နှင့် ကိုင်းတောမ အကြား ကံကလေးရွာထိပ် လမ်းပိုင်းတွင် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် အလစ်ဝင် တိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်းမှာ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမား ၄ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကံကလေး ရွာအတွင်းကို ဝင်ပြေးသွားကြောင်း၊ ဒဏ်ရာရ အကြမ်းဖက်သမားများကိုလည်း ရွာထဲ ဆွဲယူသွားကြကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက "အကြမ်းဖက်သမားက ရွာထဲက ထွက်လုပ်တာပါ။ ပြီးရင် ရွာထဲပြန်ဝင်တယ်၊ ဒီရွာတွေကို တပ်က ဝင်ရှင်းတဲ့ အခါတော့ သူတို့က အပြစ်မဲ့ပြည်သူတွေပါလို့  အော်ကြမှာ၊ အကြမ်းဖက်သမားကို လက်ခံထားတယ်၊ ရွာသားတွေထဲမှာလည်း အကြမ်းဖက်အဖွဲ့ဝင်တွေ ရှိတယ်။ ဒီဖြစ်စဉ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိခိုက်မှု မရှိပါဘူး၊ ဒါပေမယ့် အရင်တစ်ခါလို  သရက်ကန်ရွာက ပြည်သူ့စစ် ၁၇ ယောက် ကျလို့ အဲဒီရွာမှာပဲ မြေဖို့တယ် ဘာညာဆိုပြီး လိမ်ရင် လိမ်ကြမှာပေါ့၊ ဒါမှလည်း သူတို့အတွက် ထောက်ပံ့ကြေး ထပ်တောင်းစားလို့ ရမှာပေါ့ဗျာ" ဟု ပြောသည်။

အဆိုပါဒေသတွင် အေးချမ်းလုံခြုံစွာ နေထိုင်လိုကြသည့် ပြည်သူများအနေဖြင့် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းရန် တာဝန်ကျ နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် လက်တွဲပူးပေါင်း၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်လိုကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)