ဗန်းမော်မြို့တွင် သက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့တွင် သက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဆင်းပွဲကျင်းပ




MNP -  ဧပြီ  ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဗန်းမော်မြို့ နန့်ဖားရပ်ကွက်ရှိ သီရိဓဇ(ဘ/က)ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက လူသုံးကုန်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများအား တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှတင်သွင်းသော လူသုံးကုန် ပစ္စည်းများ လျော့နည်းလာမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် အိမ်တွင်းအသေးစား စက်မှုလက်မှု လုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်း၊ အခြေခံပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူ‌ထောင်လုပ်ကိုင် နိုင်စေရန်၊ အသက်မွေးကြောင်းပညာများ သင်ကြားပို့ချပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်တို့မှ ‌ဒေသခံပြည်သူ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက်ကာ ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ သဘာဝခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေး ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာရည်၊ Hand Gel စသည့် လူသုံးကုန် ပစ္စည်း(၁ဝ)မျိုးကို ဧပြီ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

သတင်း  - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)