မတ္တရာမြို့နယ်၌ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ

 


MNP - ဧပြီ    ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဧပြီလ ၁၇ ရက်နေ့မှစတင်၍  ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ) ပူးပေါင်းပါကာ  မြို့ပေါ်စာသင်တိုက်များသို့ သွားရောက်ကာ Sinovac ဆေးများကို စတင်ထိုးနှံပေး ခဲ့ရာ ၄၃ပါး ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရပြီး မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာကျောင်းတိုက်များမှ သံဃာများနှင့် သီလရှင်များအား မြို့နယ်အားကစားရုံ၌ ဧပြီလ ၁၈ ရက်နေ့မှစတင်၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - စိုးကျော်သူထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)