MNP ၊ ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ မြို့လယ်လေးမျက်နှာစေတီ တော်၊မဟာသန္တိသုခဓမ္မာရုံတွင် ၁၃၈၄ ခုနှစ်၊မြန်မာနှစ်ဆန်းနှစ်ရက်နေ့၊ဧပြီလ ၁၈ ရက် နံနက် ၆ နာရီအချိန်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များချီးမြှင့် ပေးခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ငါးပါးသီလခံယူပြီး မြို့နယ်သံဃာ့မဟာနာယကဆရာတော်များကဦးဆောင်၍ဘေးအန္တရာယ် ကင်းရှင်းစေရန်ပရိတ်တရားတော်များရွတ်ဖတ်တော်မူကြပြီး တာဝန်ရှိသူများက အရုဏ်ဆွမ်းနှင့်ဝတ္ထုပစ္စည်းများကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များကမော်တော်ယာဉ်များဖြင့် မြို့ပေါ်လမ်းမကြီးတလျောက်၊ရပ်ကွက်များသို့လှည့်လည်၍ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး အန္တရာယ်ကင်းပရိတ်တရားများရွတ်ဖတ်ပူဇော်ပေးခဲ့ကြရာ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှု ရေးအသင်းအဖွဲ့များနှင့်ပြည်သူများက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
သတင်း - သန်းထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment