မလှိုင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး သတ်မှတ်ကာလထက် ဆောလျင်စွာရာနှုန်းပြည့် ပြီးစီးသည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး သတ်မှတ်ကာလထက် ဆောလျင်စွာရာနှုန်းပြည့် ပြီးစီးသည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်




MNP - ဧပြီ   ၂၉

မလှိုင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေ စာရင်းကောက်ယူခြင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလထက် ဆောလျင်စွာ ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် ကြိုးစားဆောင်ရွက်ခဲ့သော ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာ ဖြင့်ဖွဲ့စည်းထား ရှိပြီး မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် စာရင်းကောက်ယူပြီးစီးခဲ့ပြီးနောက် ဧပြီလ ပထမအပတ်တွင် စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အိမ်ထောင်စုပုံစံ(၆၆/၆)ကို အခြေခံ၍ ပြုစုထားသော အခြေခံမဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးခဲ့ပါသည်။ သတ်မှတ်ကာလထက် ဆောလျင်စွာ ရာနှုန်းပြည့် ပြီးစီးခဲ့သည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၅၆)ဦးနှင့် စာရေးဝန်ထမ်း (၅၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးသန်း၊ အတွင်းရေးမှူး ရဲမှူးထိန်လင်းမောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေးတို့မှ တစ်ဦးချင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် စာရေးဝန်ထမ်းတို့အား တစ်ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ(၁၀)လုံး၊ အားဆေးမျိုစုံ(၁)ထုတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)