ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် အလှကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် အလှကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဆင်းပွဲပြုလုပ်




MNP - ဧပြီ   ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာနမှ  ဖွင့်လှစ်ပေးသည့် နနွင်းအခြေခံအလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်၊ ပေါင်းလောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း တို့က သင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပြီး၊ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက  သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည့်  ဌာနဆိုင်ရာများ တာဝန်ရှိသူများအား ၎င်းတို့ပြုလုပ်ထား အလှကုန်ပစ္စည်းများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများ ကိုယ်စား ရပ်မိရပ်ဖ ဦးချစ်လုံးက သင်တန်းလာ ရောက်ဖွင့်ပွဲပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ ရပ်မိရပ်ဖများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာ၊ လျှော်မွှေး (အဝတ်ပျော့ဆေး)၊ ပရုပ်ဆီ၊  အသားချောခရင်(မ်)၊ မိတ်ကပ်၊ ဆပ်ပြာခဲနှင့် Lotion၊ Day Cream၊ Night Cream၊ Moisturzing Cream၊ Snow၊ Body Scrub၊  ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားခဲ့သည်။ 

အဆိုပါ သင်တန်းသို့ ပေါင်းလောင်းမြို့နှင့်အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်း သား / သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ သင်ကြားပို့ချပေးသွားခဲ့ကြောင်း သိရသည်။

သတင်း - ခွန်အာကာစိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)