ကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

 


MNP -  ဧပြီ   ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲအား ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီ ၁၆ ရက်နေ့အထိ ယိမ်းအကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစား လာပြည်သူများအား စတုဒီတာမုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်း ရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့(၂၂)ဖွဲ့ က ယှဉ်ပြိုင်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့  လာရောက်ကြည့်ရှုအား ပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ် မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)