စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုမီဒီယာအကျိုးရှိစွာအသုံးချနိုင်ရေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုမီဒီယာအကျိုးရှိစွာအသုံးချနိုင်ရေး ဆွေးနွေးပွဲကျင်းပ





MNP ၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူမှုမီဒီယာအကျိုးရှိစွာအသုံးချတတ်ရေးရည်ရွယ်လျှက် ဟောပြောဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်က လူမှူမီဒီယာအဓိပ္ပါယ်၊ လူမှူမီဒီယာသုံးစွဲလျှင် ဆောင်ရန်ရှောင်ရန်များ၊ လူမှုမီဒီယာအမျိုးအစားများ၊ လူမှုမီယာနှင့်ဆက်စပ်၍ မိမိဌာနလှုပ်ရှား‌ဆောင်ရွက်မှုများ၊ သတင်းလွှင့်တင်နေမှုများ၊ Facebook အားအကျိုးရှိအောင်အသုံးချပြီး သတင်းမှားများအား‌‌ဝေဖန်သုံးသပ်နိုင်အောင် အသိဉာဏ်ဖြင့်ဆင်ခြင်နိုင်အောင် စာများများဖတ်ကြစေလိုကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ခရိုင်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ (၃၀)ဦးတက်ရောက်ပြီး ဆွေးနွေးပွဲဆန်းစစ်ချက်များဖြေဆိုခဲ့ကြကာ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

                 

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)