MNP - ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ကျောင်းပြင်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူများသည် ၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၁၅၆) ဦး၊ ကျောင်းသူ (၁၆၁) ဦး စုစုပေါင်း (၃၁၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
စာမေးပွဲ ဖြေဆိုရန်ကျောင်းတွင်း၊ ကျောင်ပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား( ၁၆၁ )ဦး၊ ကျောင်းသူ (၁၉၁ ) ဦး စုစုပေါင်း (၃၅၂)ဦး ရှိပြီး ကျောင်းသား( ၅)ဦး၊ ကျောင်းသူ ( ၃၀ ) ဦး၊ စုစုပေါင်း (၃၅)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သည်၊၊
ရန်ကင်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၉၀.၀၆ရာခိုင်နှုန်းဖြေဆို ကြရာ၊မတ်လ ၃၁ ရက်နေ့တွင် မြန်မာစာဖြေဆိုပြီး၊ ဧပြီလ ၁ ရက်နေ့တွင် အဂ်လိပ်စာ၊ဧပြီလ ၂ ရက်နေ့တွင် သချ်ာ၊ဧပြီလ ၄ ရက်နေ့တွင် ဓါတု ဗေဒ၊ ဧပြီလ၅ ရက်နေ့တွင် ရူပဗေဒ၊ ဧပြီလ ၆ ရက်နေ့တွင်ဇီဝ ဗေဒ၊ ဘောဂဗေဒ၊ဧပြီလ ၇ ရက်နေ့ တွင် ပထဝီဝင် ဧပြီလ ၈ ရက် နေ့တွင် သမိုင်း၊ဧပြီလ ၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာ စာဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၂ နာရီအထိဖြေဆိုကြရမည်ဖြစ်သည်။
ထိုသို့ ရန်ကင်းမြို့နယ်အတွင်း၌အ မှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင်လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က၊ ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း - အိရွှေစင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment