လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်




MNP -  ဧပြီ    ၂

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအားပြောကြားပြီးနောက်  ပန်းချီပညာရှင်များဖြစ်ကြသည့် ဆရာ ဦးထွန်းငြိမ်းနှင့် ပန်းချီရက္ခတို့မှ မိတ်ဆက်စကား ပြောကြား သည်။

အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ (၃၅) ဦး တက်ရောက်ကြပြီး သင်တန်းမှာ ရက်သတ္တ(၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)