ဆိပ်ဖြူမြို့နယ်၌ (Pilot Project) အရအခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ဖြူမြို့နယ်၌ (Pilot Project) အရအခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး



MNP - ဧပြီ    ၂

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် (Pilot Project)အရ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက ယမန်နေ့ နံနက် ၁၀ နာရီတွင် ကြည့်ရှုစစ်ဆေးသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းစိစစ်ခြင်း၊ ကွန်ပျူတာစာရင်းရေးသွင်းခြင်းတို့ကို  ဆိပ်ဖြူမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ငွေသဲဖြူအစည်းအဝေးခန်းမ၌၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်က) ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးလိုအပ်ချက်မရှိစေရေး အင်ဂျင်မီးစက်များဖြင့်ပါ ညှိနှိုင်းအကူအညီရယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)