ရမည်းသင်းမြိုနယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြိုနယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်း

 


MNP -  ဧပြီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေစည်းခုံရပ်ကွက်၊ ရွှေစည်းခုံကျောင်းတိုက် ဆရာတော်များ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရွှေစည်းခုံကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်သံဃာဗဟိုဝန်ဆောင် ဆရာတော်အမှူးပြုသည့် သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ယဉ်ကျေးလိမ္မာသင်တန်းသား၊ သင်တန်းသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ရွှေစည်းခုံကျောင်း ပဓာနနာယကဆရာတော်က ငါးပါးသီလချီးမြှင့်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ပုတီးကုန်းကျောင်းဆရာတော်က ဩဝါဒကထာမိန့်ကြားပြီး ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုများအား ဆရာတော်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါယဉ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၀၈)ဦး တက်ရောက်ပြီး သင်တန်း ကာလကို (၂၁)ရက် သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)