နမ္မတူမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ်




MNP - ဧပြီ    ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင်များပူးပေါင်း၍ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန့်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ နမောတသ သုံးကြိမ်ရွတ်ဆို၍ ဆရာတော်သံဃာတော်ကြီးများ အား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဆရာတော် သံဃာတော်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်ကြီးများအား ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းကာ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန့်တော့ပွဲ ဖြစ်မြောက်ရေးနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန့်တော့ကာ သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၅၀၀၀)ကျပ်၊ စောင် (၁)ထည်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅၀)ခုပါ တစ်ဘူးနှင့် ကုလားပဲ (၅၀)ကျပ်သားနှုန်းဖြင့် စုစုပေါင်း သက်ကြီးဘိုးဘွား (၇၁)ဦးတို့အတွက် ငွေကျပ် (၂၄၈၅၀၀၀) ကျပ်၊ စောင် (၇၁)ထည်၊  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅၀)ခုပါ (၇၁)ဘူးနှင့် ကုသားပဲ (၃၅)ပိဿာခွဲအား ပေးအပ်လှူဒါန်းကာ ပူဇော်ကန်တော့ခဲ့သည်။

၎င်းနောက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်စကား ဆုပေးစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - လူမော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)