MNP - ဧပြီ ၄
မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက် ကောင်းမြတ် စားသောက်ဆိုင်တွင် ယမန်နေ့က ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းပြီး၊ မော်လမြိုင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းနှင့် စားသောက်ဆိုင် ဝန်ထမ်းများကို အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်သည် နွေရာသီကာလအတွင်း ခရီးသွားလာမှု အများဆုံးပြည်နယ်တစ်ခု ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း ၇ မျိုးတွင် ပါဝင်သည့် ဝန်ထမ်းများကို အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးစစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့်၊ နိုင်ငံတကာလေကြောင်းလိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ဟိုတယ်ဝန်ထမ်းအားလုံး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း၊ ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရ သည်။ မတ်လ ၂၉ ရက်မှစတင်ပြီး အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး အခမဲ့စစ်ဆေးခြင်းကို တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် နှစ်ရက်ကြာ စမ်းသပ်စစ်ဆေးခဲ့ပြီး ယနေ့တွင် မော်လမြိုင် ဟိုတယ်ဇုန်ရှိ ဟိုတယ် ဝန်ထမ်းနှင့်စားသောက်ဆိုင် ဝန်ထမ်းများကို အသည်းရောင် အသားဝါ ဘီပိုးနှင့်စီပိုး ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment