ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ “သမီးတို့၏အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ “သမီးတို့၏အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်



MNP - ဧပြီ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက  စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “သမီးတို့ရဲ့ အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ် ဝိုင်းများကို ပြည်သူများ လူငယ်များနှင့် အမျိုးသမီးများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာပေ ဝါသနာရှင် များနှင့် အသင်းအဖွဲ့များအား ချိတ်ဆက်၍ စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ၄ရက်နေ့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “သမီးတို့ရဲ့ အနာဂတ်"စာအုပ်ဖြင့် (Book Club) အသင်းဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဦးဝင်းသိန်းမှ “စောင့်ထိန်းခြင်း၏ ကောင်းကျိရလဒ်" ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်း၌ (Woman Club) အသင်းဝင်ဒေါ်ခိုင်သီတာမှ" ထိပ်တန်းမြန်မာအမျိုးသမီးများ အတွက်"ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် ပြည်သူ့ စာကြည့်တိုက်တွင် ပြသထားရှိသော လျှပ်စစ်နှင့်ရေကို ခြိုးခြံချွေတာစွာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)