မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၂၆၀၀ ကျော် စိုက်ပျိုးပြီးစီး MNP - ဧပြီ ၄ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၂၆၀၀ ကျော် စိုက်ပျိုးပြီးစီး MNP - ဧပြီ ၄



မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက စိုက်ဧက ၂၆၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေးတွက်ချေ ကိုက်၍ ဒေသနှင့်အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာ လည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကြိုချည်မျှင်ရှည်ဝါများကို ဆည်ရေကန်ရေ သောက်စနစ်ဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၆၂၀ ၊ မလှိုင်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၇၀၊  သာစည်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည် ဝါစိုက် ဧက ၁၈၀၀ နှင့်  ဝမ်းတွင်းမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၂၀၀တို့ကို စိုက်ပျိုးသွားရန် လျားထားဆောင်ရွက်ပြီး ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါများကို မတ်လ ၁ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့ ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာ မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၅၄၃ ဧက၊ မလှိုင်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၇၀၊  သာစည်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၁၇၁၈ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် မိုးကြို ချည်မျှင်ရှည်ဝါ စိုက်ဧက ၃၁၅ ဧကတို့ကို စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။    

သတင်း - သိန်းမြင့်ကျေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)