မြို့သစ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၂) အုပ်စုမှ တောင်သူ(၄၀၅၁)ဦးအတွက် နေကြာ မျိုးသန့်မျိုးစေ့များ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၂) အုပ်စုမှ တောင်သူ(၄၀၅၁)ဦးအတွက် နေကြာ မျိုးသန့်မျိုးစေ့များ ပေးအပ်



MNP -  ဧပြီ  ၂၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးသန့်မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အဆိုပါရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးမှ နေကြာမျိုးသန့်မျိုးစေ့ ဖြန့်ဝေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂) အုပ်စုမှ တောင်သူ (၄၀၅၁)ဦးအတွက် နေကြာ မျိုးသန့်မျိုးစေ့ (၂၂၀)တင်း(၂၀)ပြီကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း -  သန်းဝင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)