MNP - ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယနေ့ နံနက်(၈)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေထုတ်ပေးခြင်းကိုလစဉ် (၂၁)ရက်နေ့မှစ၍ မြို့ပြ၊ ကာကွယ်ရေးနှင့် နိုင်ငံရေး ပင်စင်များကို လကုန်အထိပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများကို ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျောင်းကုန်းမြို့နယ်တွင် အငြိမ်းစား ဝန်ထမ်းဦးရေ စုစုပေါင်း(၁၄၅၃) ဦးရှိပြီး ယနေ့နံနက်ပိုင်းအထိ ပင်စင်လစာငွေထုတ်ယူသူဦးရေ (၈၀၀)ကျော်ရှိပြီ ဖြစ်သည်။ ကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးလျှက် ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment