MNP - ဧပြီ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်နှင့် ကျေးလက်တောရွာများ၊ ဌာနဆိုင်ရာ ရုံးများ၌ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး အသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ယမန်နေ့နေ့လယ်က ရေတွင်းကုန်းကျေးရွာရှိ အမှတ်(၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲဌာနချုပ် ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းဦးက မီးငြိမ်သတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ပြသရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားကာ ရဲတပ်ဖွဲ့ဝင်များ၊ ရဲမေများနှင့် တပ်ဖွဲ့ဝင်မိသားစုများအား မီးဘေးအန္တရာယ်နှင့် ရုတ်တရက် တွေ့ကြုံရပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန်နှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်စေခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းပြသပေးခြင်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် အမှတ်(၁၅)ရဲတပ်ဖွဲ့ခွဲ ဌာနချုပ်၊ တပ်ဖွဲ့မှူးရဲမှူး သန်းဌေးဦးစီး၍ အရာရှိအဆင့် ၆ ဦး အခြားအဆင့်၂၄ဦး စုစုပေါင်း(၃၀)ဦးတို့ဖြင့် ပူးပေါင်းကာ မိသားစုဝင်(၄၅)ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး မီးငြှိမ်း သတ်ယာဉ်တစ်စီးတို့ဖြင့် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးရုံးမှ သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment