မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁၀)လုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁၀)လုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်



MNP  -  ဧပြီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုတို့တွင် ဧပြီလ ၈ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် မိသားစုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့မရဲစခန်း၊ ဒုတိယရဲမှူးဝင်းနိုင်ဦးနှင့်အဖွဲ့၊ ဦးကျော်တိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်း၊ ဒုတိယဦးစီးမှူးဦးတင်မောင်ထွန်းတို့မှ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ တစ်ပုံးတို့ကို လေဘေးသင့်၍နေအိမ်ပြိုကျပျက်စီးခဲ့သော မိသားစုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)