ဇေယျာသီရိမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်




MNP - ဧပြီ    ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ဧပြီ ၂၀ရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု များအား ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေပေး အပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။                                                           

ထိုထောက်ပံ့ပေးအပ်ရာတွင် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဦးကြည်နိုင်၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ဦးနှင့် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့က လေဘေးသင့်အိမ်ထောင်စု ပြည်သူများကို အားပေးစကား ပြောကြားခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု(၂၉)စု၊ လူဦးရေ (၁၁၁) ဦးအတွက်  စုစုပေါင်း ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေကျပ် (၁၀၀၁၁၀၀)ကို လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)