ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံ

 


MNP - ဧပြီ    ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီး၊ မုန်း၊ နတ်သံကွင်း ဒေသတို့၌ သတ်မှတ်စုရပ် များတွင် ဒေသခံခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန် မပြတ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား  ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံနိုင် ရေး နယ်လှည့်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လာရောက်ထိုးနှံရန်၊ ကျန်းမားရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံစာရွက် လက်ဝယ် ရောက်ရှိ ကိုင်ဆောင်ထားရန် လိုအပ်ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံစာရွက် မရရှိထားပါက ခရီးသွားလာရေးများ၊ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိနိုင်ကြောင်းနှင့် မြို့အဝင် မြို့အထွက် စစ်ဆေးရေး ဂိတ်များထားရှိပြီး ၎င်းစာရွက်ဖြင့် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာရွက် အား ခရီးသွားလာရာတွင်လည်း ကိုယ်နှင့်မကွာ ဆောင်ထားရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)