လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ




MNP - ဧပြီ    ၁၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ မွန်လွဲ ၁ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင်အဖွဲ့ဝင် ဦးကျော်မြင့်အောင်၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး၊ အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်၊ အနောက်ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူး ဦးနေဝင်းထွန်း၊ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင်၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းပေါ်ပေါက်လာပုံနှင့် အသင်းကြီး၏ ရည်ရွယ်ချက်များ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုနည်း အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းများ၊ အရေးပေါ်လူနာပြုစုခြင်းများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းပြီးမြောက်အောင်မြင်သွားကြသည့် သင်တန်းသားများအနေနဲ့ သင်တန်းက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို အသုံးချပြီး အများပြည်သူအတွက် အကျိုးရှိမည့်နေရာများတွင် ဝန်ဆောင်မှုကောင်းတွေပေးနိုင်ကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ဒါအပြင်မိမိတတ်ကျွမ်းသည့် အတတ်ပညာတွေကို မျိုးဆက်သစ်လူငယ်များအား ပညာဒါနဖြန့်ဝေပေးစေလိုကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့် သင်တန်းနည်းပြဆရာများအား ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြပြီး ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သင်တန်း ဆင်း တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် သင်တန်းသူ၊ သင်တန်းသားများက အမှတ် တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရှိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)