MNP - ဧပြီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင် ပွဲတော် မဟာသင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်နေ့) တွင် ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် ရေကစားမဏ္ဍပ်၊ မုတ်လွဲကျေးရွာနှင့် ခတ်ချိုကျေးရွာ လမ်းတစ်လျှောက်တွင် ပြည်သူများက လာရောက်ပါဝင် ဆင်နွဲကြပြီး ဗဟိုမဏ္ဍပ်၌ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment