ထားဝယ်မြို့ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည်ရှု့စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည်ရှု့စစ်ဆေး






MNP ၊ ဧပြီ ၂၉

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည်ထားဝယ်မြို့နယ်အစားအသောက်နှင့်ဆေးဝါး  ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့နှင့်ပူးပေါင်း၍ယမန်နေ့ညနေ ပိုင်းတွင်ထားဝယ်မြို့ရှိဆေးဝါးနှင့်ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကြည်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။


ထို့နောက်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူးဒေါ်မေသန်းနိုင် ဦးဆောင်သောပူးပေါင်းအဖွဲ့များ က ထားဝယ်မြို့ပေါ်ရှိအာဇာနည်လမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်းနှင့်မြို့တွင်းလမ်းများရှိဆေးဆိုင်များတွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သေားဆေးဝါး သိုလှောင်မှုရှိ/မရှကြည်ရှု့စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်နှင့်တာဝန်ခံများအား တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ မရောင်းချရန်အသိပညာပေးတားမြစ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ဆေးဝယ်သူများအားဆေးဝါးဝယ်ယူရာတွင်လိုက်နာရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြပြီးဆိုင်များတွင်ဆေးဝါးနမူနာ (၃)မျိုးအားဝယ်ယူ၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးဦးစီးဌာန (ထားဝယ်) ရှိMini Lab တွင်ဆေးဝါးများစံကိုက်ညီမှုရှိ/မရှိစစ်ဆေးထားရှိကြောင်းသိရသည်။


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)