သာပေါင်းမြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - ဧပြီ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ရပ်ကွက်(၂)၊ကန္နားလမ်း၊ စည်ပင်ပန်းခြံ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင်ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ်၊မြန်မာ့နှစ်သစ်ကူး တန်ခူးလဆန်း(၁၃)ရက်၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ မဟာသင်္ကြန်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ ရပ်မိရပ်ဖဖြစ်ကြသော နေယုဆန်စက်ပိုင်ရှင် ဦးအောင်ကိုကိုဆန်း၊ ဟုတ်လင်း ရတနာရွှေဆိုင်ပိုင်ရှင် ဦးတင်မောင်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မြူမှောင်ဝေကင်းသီချင်း၊မန်း တောင်ရိပ်ခိုသီချင်းများဖြင့် သံပြိုင်သီဆိုကြပြီး သင်္ကြန်ယိမ်း အကမယ်အဖွဲ့များမှ ယိမ်းအကအလှများဖြင့်ဖျော်ဖြေကြရာ သင်္ကြန်ချစ်သူများမှ ဆုများပေးအပ် ချီးမြှင့်ကြပြီး သာပေါင်းမြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့၌ ပြည်သူများ ရေပက်ကစားသူများဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွဲလျက်ရှိကြသည်။

သာပေါင်းမြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ သင်္ကြန်ပွဲတော်ကာလအတွင်း နေ့စဉ်ရေကစားခြင်း သင်္ကြန်ယိမ်းအကအလှဖျော်ဖြေခြင်းများနှင့် မြန်မာ့ရိုရားယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)