ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသားရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းအလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသားရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းအလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပမည်


MNP ၊ ဧပြီ  ၂ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင်၊ ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့်ရွှေစင်ရွှေသားရွှေသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခြင်းအလှူတော်မင်္ဂလာကို ၁၃၈၄ ခုနှစ်၊ တပေါင်း လပြည့်နေ့ ၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့)တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 

စေတီတော်မြတ်ကြီး အစဉ်ထာဝရသပ္ပါယ်တင့်တယ်ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ဘုရားကြီးဂေါပကအဖွဲ့မှဦးဆောင်၍ ရဟန်းရှင်လူ အများပြည်သူစေတနာရှင်၊ ကုသိုလ်ရှင်များ၏ ကုသိုလ်ကောင်းမှုဖြင့် ရွှေတောင်စားစေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေစင်ရွှေသားရွှေသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ကျင်းပ ဆောင်ရွက် လာခဲ့ရာ တတိယအကြိမ်သို့ရောက်ရှိလာပြီးဖြစ်သည်။ 

"ဥသြကျော်လစ် ရွှေတောင်စားသက္ကရာဇ်"ဟူသော ကဗျည်းမော်ကွန်းစာအရစေတီတော်မြတ်ကြီး၏သက်တမ်းသည် နှစ်ပေါင်း(၂၅၉)နှစ်ရှိပြီဖြစ်ပြီး ပထမအကြိမ်လုံးတော်ပြည့် ရွှေစင်ရွှေသားရွှေသင်္ကန်းတော်ဆက်ကပ်ခြင်းအလှူတော်မင်္ဂလာ ကို ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အလှူတော်မင်္ဂလာကို ၁၃၇၉ခုနှစ်၊ တပေါင်းလပြည့် ကျော်(၃)ရက်နေ့တွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

သိုဖြစ်ပါ၍ ရဟန်းရှင်လူ အများပြည်သူစေတနာရှင်ကုသိုလ်ရှင်များအနေဖြင့် (၉ လက်မx ၉ လက်မ) ပတ်လည် ကြေးခံ ရွှေပြား တစ်ချပ်လျှင်(၂၅၀၀၀)ကျပ်နှုန်းဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ကြောင်းထားဝယ်မြို့၊ ဘုရားကြီးဂေါပကထံမှ သိရှိရသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)