ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး အေရိုဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး အေရိုဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ်

 


MNP - ဧပြီ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး  အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာယနေ့နံနက်ပိုင်းက အေရိုးဗစ် သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဖွင့်လှစ်သင်ကြားပေးခြင်းများနှင့်ပတ်သတ်၍ ကျောင်းသားလူထုအတွင်း အေရိုဗစ် အားကစားကိုစိတ်ပါဝင်စားလာပြီး အခြေခံမှစ၍ စနစ် တကျလေ့လာလိုက်စားခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေကာ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့ဝါသနာပါရာ အေရိုးဗစ်အားကစားနည်းကိုအခြေခံမှစ၍ စနစ်တကျ ကျွမ်းကျင်တတ်မြောက်ပြီး သက်တမ်း အလိုက်တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် လေ့ကျင့်ယှဉ်ပြိုင်ခြင်းဖြင့် တစ်ဦးချင်းစီ၏ အားကစားအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာမှာဖြစ်ကြောင်းအေးရိုဗစ်နည်းပြ မဂျူမြတ်နိုးစံက ပြောပြသည်။

ကျောက်ဆည်ခရိုင်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်လူရွယ်များအတွင်း စနစ်တကျဖြင့်မှန်ကန်သော အားကးစားနည်းစနစ် များ ပြန့်ပွားစေရေး၊ ကျွမ်းကျင် တတ်မြောက်စေရေး၊ သက်ဆိုင်ရာအားကစားပြိုင်ပွဲများတွင် အဆင့် မြင့်မြင့်ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးတို့အတွက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)