MNP ၊ ဧပြီ ၄
ကိုဗစ်-၁၉ ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ ဆွမ်းဆန်တော်များ အဆင်ပြေ စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများမှ မိမိတို့ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် ဆီများ ကို လစဉ် လဆန်း (ပထမအပတ်)အတွင်း ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီလ (၄) ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတောင်ကြီးကျောင်း ဦးစီးပဓနာယကဆရာတော် အရိန္ဒမ ထံသို့ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များက လှူဒါန်းသော ဆွမ်းဆန်တော်(၈)အိတ်ကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း ကိုယ်စား ဒုရဲမှူး ကျော်ခိုင်၊ ဒုရဲမှူး မိုးခိုင်နှင့် ရဲအုပ် သာထက်အောင်တို့က သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment