MNP ၊ ဧပြီ ၄
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများ၊အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း မှကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ကမြို့ပေါ်(၄)ရပ်ကွက်နှင့် ကတွန်၊သဲဖြူကုန်း၊ထန်းပင်ချောင်းကြီးကျေးရွာများရှိပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့်စုစုပေါင်း (၁၁၀)ဦး ကိုစတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ခုနှစ်၊မေလ(၂)ရက်နေ့တွင်ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment