NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသမီး ရာအိမ်မှူးတစ်ဦး သေဆုံး၊ စာမေးပွဲကာလ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသားမိဘတစ်ဦးက ဆက်သွယ်ပြောဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသမီး ရာအိမ်မှူးတစ်ဦး သေဆုံး၊ စာမေးပွဲကာလ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသားမိဘတစ်ဦးက ဆက်သွယ်ပြောဆို


MNP ၊ ဧပြီ ၄

ယနေ့ တောင်ဒဂုံမြို့နယ်၊ ၅၃ ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသမီး ရာအိမ်မှူး ဒေါ်ယဉ်ယဉ်ဝင်း (၄၅)နှစ် သေဆုံးခဲ့ရသည်။

နေအိမ်မှ ဈေးထွက်ဝယ်စဉ် ဒေါ်ယဉ်ယဉ်ဝင်းအား NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ရာ နှဖူးဖောက်ဝင် ဒဏ်ရာ ၁ချက်၊ ယာပါးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာလည်ဂုတ်ဖောက်ဝင် ဒဏ်ရာ ၁ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရသည်။

အခင်းဖြစ်နေရာမှ USA Auto 380 ငွေရောက်ကျည်ခွံ (၂)ခု တွေ့ရှိခဲ့ရပြီး အကြမ်းဖက်သမားအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရ။

တောင်ဒဂုံမြို့နယ်တွင် ရက်သတ္တပတ်အတွင်းက ၇၁ ရာအိမ်မှူးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက အလားတူ လုပ်ကြံသတ်ဖြတ်ခံရပြီး ယခုအခါ ၅၃ ရပ်ကွက်မှ ရာအိမ်မှူး ဒေါ်ယဉ်ယဉ်ဝင်းအား ထပ်မံ လုပ်ကြံသတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများသည် ရန်ကုန်မြို့ပေါ်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိပြီး တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကာလဖြစ်သဖြင့် လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ကျောင်းသား ကျောင်းသူ၊ ဆရာ/ ဆရာမ ထိခိုက်မည်ကို စိုးရိမ်မိကြောင်း၊ လုံခြုံရေးဆိုင်ရာအားနည်းမှုများ ရှိနေသည်ဟု မြင်မိကြောင်း၊ စာမေးပွဲကာလ ဖြစ်သည့်အားလျှော်စွာ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်သမား၏ လက်ချက်ဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်ပေးလိုကြောင်း ကျောင်းသား မိဘတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ် ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း NLD အစွန်းရောက် အကြမ်းဖက်သမားများသည် ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်မှု ၂ကြိမ်၊ အင်းစိန်မြို့နယ်တွင် အကြမ်းဖက်သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မြောက်ဒဂုံမြို့နယ်တွင်လည်း အလားတူ လုပ်ကြံသတ်ဖြတ်မှု တစ်ခုကို ကျူးလွန်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)