ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း မွေးမြူရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဧပြီလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆင်ဂွေကျေးရွာအုပ်စု ပိတောက်စမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်သူက ဒေသခံပြည်သူများနှင့်ရင်းနှီးစွာ တွေ့ဆုံ၍ တိုင်းရင်းကြက် မွေးမြူသူများအတွက် ဝင်ငွေကောင်းရရှိစေပြီး ကျေးလက်ဒေသစီးပွားရေး တိုးတက်မှုအတွက် အရေးပါသော တိုင်းရင်း ကြက်မွေးမြူရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ဝက်၊ ကြက်နှင့်ဘဲ များ အတွက် အာဟာရပြည့်ဝသော အစားအဖြစ် အသုံးပြုနိုင်သည့် နေပီယာမြက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည့် မွေးမြူရေး တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံရေးနှင့် မျိုးကောင်းမျိုးသန့် ရရှိစေရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထိုနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နေပီယာမြက်မျိုးများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment