MNP - ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်(၃၅)လုံး အမိုးလန်ပျက်စီးပြီး၊ နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တောင်လည်ကျေးရွာတွင် နေအိမ် (၁)လုံးပြိုလဲပြီး နေအိမ်(၁၇)လုံး အမိုးလန်ပျက်စီး၊ တောင်နံ့သာကျေးရွာတွင်လူနေအိမ်(၃)လုံးအမိုးလန်ပျက်စီး၊ချောင်းဖြေင့်ကျေးရွာတွင်လူနေအိမ်(၄)လုံးအမိုးလန်ပျက်စီး၊လှည်းကူးကျေးရွာတွင်လူနေအိမ်(၁၁)လုံးအမိုးလန်ပျက်စီး၊စုစုပေါင်းလူနေအိမ်(၃၅)လုံးအမိုးလန်ပျက်စီးပြီး၊နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့သည်။လေပြင်းတိုက်ခတ်မှုကြောင့်လူ နှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း နှင့်ပျက်စီးဆုံးရှုံးမှုတန်ဘိုးမှာ(၃၇၃၉၇၀၀)ခန့် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ လေဘေးသင့်အိမ် ထောင်စုဝင်များအားမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ရပ်မိရပ်ဖများက ပြန်လည်နေထိုင်နိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်






No comments:
Post a Comment