မြောက်ဦးမြို့၌ သင်္ကြန်အကြိုနေ့ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့၌ သင်္ကြန်အကြိုနေ့ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော်


MNP - ဧပြီ    ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ရခိုင့်ရှေးဟောင်းသမိုင်းဝင်ဘုရား ပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော်ခြင်းအား ယနေ့ညနေ ၃ နာရီအချိန်က မြို့တွင်းသို့လှည့်လည်ပြီး ရေသပ္ပါယ်ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးအတာသင်္ကြန်ကျရောက်သည့်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦး ဒေသတွင်လည်း ရခိုင်ပြည်၏ထုံးတမ်းစိုင်လာတစ်ရပ်အဖြစ် အမြဲဆင်ယင်ကျင်းပ ပြုလုပ်လျက် ရှိသော ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို ဗုဒ္ဓဘုရားရှင်အားရည်မှန်း၍ နှစ်စဉ်အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ ဘုရားရေသပ္ပါယ်ပူဇော်ရာတွင်   ရခိုင့်အပျို/လူပျိုများမှ နံသာဖြူ/နံသာနီအစရှိသော အမွှေးနံသာများအားသွေးလိမ်းပြီး ငွေဖလားများ၌ထည့်ကာ သပြေခက်များဖြင့် ဘုရားရှင်းအား သွားရောက်ရေသပ္ပါယ် ခြင်းဖြစ် ကြောင်းသိရသည်။ ထိုသို့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကျနေ့ ဘုရားရေသပ္ပါယ်ပူဇော်ခြင်းအား မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ အနှေးယာဉ်သမားများ၊ သုံးဘီးမော်တော်ဆိုင်ကယ်အသင်း၊ မော်တော်ယာဉ်အသင်းနှင့် ထော်လာဂျီအသင်းများက မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသရှိ အထင်ကရဘုရားပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော်ခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)