MNP ၊ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့ရှိ ငပလီကမ်းခြေသို့မဟာသင်္ကြန်ကာလ သင်္ကြန်အကြတ်နေ့၌ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည် ပတ်လျက်ရှိရာ အဆိုပါကမ်းခြေတလျှောက် ရေကစားသူများ၊အပန်းဖြေအနားယူသူများ ဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်းသိရသည်။
ထိုသို့သင်္ကြန်ကာလပိတ်ရက်ရှည်နေ့များ၌ အပန်းဖြေလာရောက်ကြသူများမှာ ရခိုင် ပြည်နယ်အတွင်းရှိမြို့နယ်များမှပြည်သူများ နှင့်ပြည်ပမှခရီးသွားဧည့်သည်များဖြစ်ကာ ၄င်းတို့မှာအဆိုပါကမ်းခြေတစ်လျှောက်တွင် ဘောလုံးကန်သူများ၊ရေးကူးကြသူများ၊ဓာတ်ပုံမှတ်တမ်းရိုက်ကူးကြသူများဖြင့် အ ထူးစည်ကားလျှက်ရှိသည်။ကမ်းခြေတစ်လျှောက်စျေးရောင်း၊စျေးဝယ်သူများမှာပိုမိုစည်ကားလျက်ရှိကြောင်းသိရှိရသည်။
ငပလီမြို့လင်းသာရပ်ကွက်၌စျေးရောင်းပွဲတော်မှာလည်း(၅)ရက်မြောက်နေ့ဖြစ်ပြီးယခင်နေ့များထက်အထူးစည်းကားလျက်ရှိကြောင်းသိရှိရသည်။
ကမ်းခြေသို့ လာရောက် သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာလှပ စေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင် သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့် အမှိုက္များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည် ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေး ချမ်းပျော်ရွှင်စွာ နားနေအပန်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းနု( ငပလီ)
https://t.me/MyanmarNationalPost







No comments:
Post a Comment