ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာနှစ်ဦး ကောင်းမှုကုသိုလ်များ ပြုလုပ်သူများနှင့် ဘုရားစေတီများတွင်လည်း လာရောက်ဖူးမြော် ကုသိုလ်ယူသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာနှစ်ဦး ကောင်းမှုကုသိုလ်များ ပြုလုပ်သူများနှင့် ဘုရားစေတီများတွင်လည်း လာရောက်ဖူးမြော် ကုသိုလ်ယူသူများဖြင့် စည်ကား


MNP - ဧပြီ    ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာနှစ်ဦး ကောင်းမှုကုသိုလ် များ အစဉ်အလာမပျက် ပြုလုပ်လျက်ရှိကြောင်းနှင့် မြို့နယ်ရှိဘုရားစေတီများတွင်လည်း ဘုရားဖူးမြော် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌  အစဉ်အလာ မပျက် နှစ်ဆန်းရက်မြတ် အခါသမယတွင်  မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်ဦးကောင်းမှု ကုသိုလ် အဖြစ် ဧပြီလ၁၇ရက် နံနက်ပိုင်းအချိန်တွင် အလှုရှင်တစ်ဦးဖြစ်သူ ဒေါ်နန်းမှ အမှတ်၂ ရပ်ကွက်ရှိ အိမ်ထောင်စု (၂၀၀)စုအတွက် တစ်အိမ်ထောင်စုလျှင် ဆန်၊ ဆီ၊ ဟင်းခတ် အချို့မှုန်၊ ဆပ်ပြာမှုန့်ပစ္စည်းများ ပါဝင်သော စုစုပေါင်းတန်ဖိုး (၁၀၀၀၀)ကျပ်ရှိ ပစ္စည်း များအား မြန်မာနှစ်ဦးကုသိုလ်အဖြစ် လှုဒါန်းလျက်ရှိကြောင်း ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကံကြီမောင်ထံမှ သိရသည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၇)ရပ်ကွက် ကောလင်းလမ်းမကြီးရှိ ဝိမုတ္တိ သုခလောကချမ်းသာ ရေလယ်ဘုရားကြီးတွင်လည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားဖူး လာရောက်သူပြည်သူများမှ ရေသပ်ပယ်ခြင်း၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းချက်၊ ဆွမ်းကပ်၊ ဆွမ်းလောင်း/ဆွမ်းဆန်စိမ်းလောင်း ကုသိုလ်ပြုခြင်း၊ ဘုရားကျောင်း ကန်ဇရပ်များတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ရေလယ်ဘုရားရှိ ငါးများအား ငါးစာများကျွေးခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုခြင်း၊ အလှူအတန်းများကို  ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)