ပိုလန်က ယူကရိန်းအား တင့်ကားအမြောက်အများ ထောက်ပံ့ပေးခဲ့ကြောင်း ပိုလန်နိုင်ငံ လုံခြုံရေးအကြီးအကဲပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုလန်က ယူကရိန်းအား တင့်ကားအမြောက်အများ ထောက်ပံ့ပေးခဲ့ကြောင်း ပိုလန်နိုင်ငံ လုံခြုံရေးအကြီးအကဲပြော


ဝါဆော၊ ဧပြီ ၂၉ 

ပိုလန်နိုင်ငံ အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဆိုဗီယက်ခေတ်ထုတ် T-72 ပင်မတိုက်ပွဲဝင်တင့်ကား အမြောက်အများ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် အနည်းငယ်နှင့် မောင်းသူမဲ့လေယာဉ်များ ပေးပို့ခဲ့ကြောင်း ပိုလန် လုံခြုံရေးအေဂျင်စီ အကြီးအကဲ Pawel Soloch က ဧပြီ ၂၉ ရက်တွင် သတင်းအစီအစဉ်တစ်ခု တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။

Soloch က သတင်းအစီအစဉ်အတွင်း တိကျသော ကိန်းဂဏန်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ပိုလန်မီဒီယာများ၏ ဧပြီ ၂၉ ရက် သတင်းဖော်ပြချက်အရ ပိုလန်က ယူကရိန်းသို့ တင့်ကားအစီး ၂၀၀ ကျော် လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပိုလန်နိုင်ငံ၌ တပ်စွဲထားသည့် အမေရိကန်စစ်သား ၁၀,၀၀၀ ခန့်ရှိကြောင်း Soloch က ပြောကြားခဲ့သည်။

ပိုလန်သည် ယူကရိန်းသို့ ဒေါ်လာ ၁.၅၈ ဘီလီယံရှိ စစ်ဘက်ဆိုင်ရာအကူအညီများ ပေးပို့ခဲ့ကြောင်း ပိုလန်သမ္မတ Andrzej Duda က ယခုသတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)