MNP - ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ချောင်းဖီလာတဲတိုက်နှင့် ညောင်တိုတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံး ရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော် အသင်း အကျိုးဆောင်ဦး ဝင်းမင်းထွန်းထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ချောင်းဖီလာတဲတိုက်နှင့် ညောင်တိုတဲတိုက်သို့ ရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများ အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ချောင်းဖီလာတဲတိုက်အတွက် ရေဂါလံ ၁၆၀၀ နှင့် ညောင်တိုတဲတိုက်အတွက် သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၄၄၆၆၀) ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment