တာချီလိတ်မြို့၌ Quarantine Center (ဝမ်လုံး) အဆောက်အဦသစ်အား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ Quarantine Center (ဝမ်လုံး) အဆောက်အဦသစ်အား သွားရောက်ကြည့်ရှုစစ်ဆေး



MNP -  ဧပြီ   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများမှ နေရပ်ပြန်များနှင့်ဒေသတွင်းမှ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စောင့်ကြည့်ထားရှိနိုင်ရန်အတွက် ဝမ်လုံးရပ်ကွက်တွင် Quarantine Center အဆောက်အဦသစ်တည်ဆောက်ထားရှိမှုကို တာဝန်ရှိသူတို့က ယမန်နေ့ နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

Quarantine Center အဆောက်အဦသစ်ကို တာချီလိတ်-ကျိုင်းတုံကားလမ်းမကြီးဘေး၊ ဝမ်းလုံးရပ်ကွက်တွင် အလှုရှင်တစ်ဦးမှ မိမိပိုင်မြေကွက်ပေါ်တွင် လူဦးရေ (၂၄၀)ဦး ထားရှိနိုင်ရန် တစ်ထပ်ဆောင်အဆောက်အဦ(၂)လုံး၊ ရုံးခန်းနှင့် စားဖိုတွဲလျက် တစ်ထပ်ဆောင်အဆောက်အဦ (၁)လုံးတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဦးဝင်းနိုင်နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လာမည့်အပတ်တွင် နေရပ်ပြန်များထားရှိနိုင်ရေးနှင့် လုံခြုံရေးအစီအမံများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)