အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား အသက်(၁၅)နှစ်မှ အသက်(၁၈)အထိ တိုးချဲ့ကွင်းဆင်း ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား အသက်(၁၅)နှစ်မှ အသက်(၁၈)အထိ တိုးချဲ့ကွင်းဆင်း ဆောင်ရွက်ပေး



MNP - ဧပြီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် (၁၅)နှစ်မှ အသက် (၁၈)နှစ် အထိ သံဃာများအား ယမန်နေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လိုက်လံကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအမျိုးအစား Sinovac အား မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အရွယ် သံဃာများနှင့် သီလရှင်ကျောင်းများမှ သံဃာ(၈၂)ပါး၊ ရွှေကျင်ကျောင်းတိုက် စာသင်ကျောင်းမှ သံဃာ(၂၀)ပါး၊ ညောင်ခြေထောက် ပစ္ဆိမရုံစာသင်တိုက်မှ သံဃာ(၃၅)ပါး၊ ဥယျာဉ်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၁၃)ပါး၊ ရွှေဘုံသာကျောင်းတိုက်မှ သံဃာ(၁၂)ပါးနှင့် ဈေးကျောင်းမှ သံဃာ(၂)ပါး၊ စုစုပေါင်း(၈၂)ပါးတို့အား လိုက်လံကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အရွယ်အထိ ပြည်သူစုစုပေါင်း (၉၇၉၁) ဦးအား ဆက်လက်ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာကျော်မိုးထံမှ သိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)