ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး



MNP -  ဧပြီ   ၁၉

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ခရိုင်၊ မြို့နယ် အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ဦးရေ၏ ၆၆.၄၆ ရာခိုင်နှုန်း ထိုးနှံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း များကို အောင်မြင်ချောမောစွာ ဆောင်ရွက်နိုင်ရေး စီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ စုစုပေါင်း ၉ သိန်း ကျော် ရှိသည့်အနက် ထိုးနှံပြီးစီးမှုအရေအတွက်မှာ ၆ သိန်းကျော် ရှိပြီဖြစ်သည့်အတွက် ရာခိုင်နှုန်း အားဖြင့် ၆၆.၄၆ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီး ထိုးနှံရန်ကျန်ရှိသည့် လူဦးရေအား အပြည့်အဝ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးက တပ်မတော်မှ ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင် များက ပြည်နယ်အတွင်း ဧပြီလကုန်အထိ စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပေးနေမှု၊ သင်္ကြန်ပွဲတော် ရုံးပိတ်ရက် ကာလအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များ အလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစီမံချက်ပါ အတိုင်း ကာကွယ်ဆေးထိုးအဖွဲ့များ စုဖွဲ့၍ ထိုးနှံပြီးစီးမှုအခြေအနေများ၊ ထိုးနှံရန် ကျန်ရှိမှုအခြေ အနေများ၊ ရာနှုန်းပြည့်ထိုးနှံပြီးသည့် မြို့နယ်အခြေအနေများနှင့် ထပ်မံထိုးနှံနိုင်ရေး စည်းရုံးဆောင် ရွက်သွားမည့် အစီအစဉ်များ၊ နယ်လှည့်ကွင်းဆင်းအဖွဲ့များဖြင့် ထိုးနှံပေးသွားမည့် အစီအမံများ၊ တောင်ပေါ်ဒေသများတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းကို ရာနှုန်းပြည့် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)