MNP - ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က စတင်ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီး နှင့်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြ ရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားမြို့အဝင်အ ထွက်ဂိတ်တွင် ချက်ခြင်း ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင် ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရာ၌မကျန်ရှိစေရေး မြို့နယ်အတွင်းရှိပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စစ်ဆေး ကြီးကြပ်ထိုးနှံပေးလျှက်ရှိကြောင်းသိရကာ ညောင်ဦး လေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွား ကားလမ်းလောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင် ဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့ကစစ်ဆေးထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment