ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာဆေး ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာဆေး ကွင်းဆင်းထိုးနှံပေး

 


MNP - ဧပြီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနှိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကာကွယ်ဆေးထိုးအဖွဲ့များဖွဲစည်း၍ ကျေးရွာအုပ်စုများသို့ ယနေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုဘိုင်းဆေးထိုးအဖွဲ့များဖွဲ့စည်း၍ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက်  အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ‌သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်စဉ်ဆက်မပျက် စီစစ်ကြပ်မတ်၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)