တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ



MNP - ဧပြီ   ၇

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် နှင့် (Women Club) အဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် “အတွေ့အကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် ဦးသန့်ဇင်ဖြိုးမှ “အတွေ့အကြုံနှင့် အတွေးအကြံ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီးနောက် (Women Club) အဖွဲ့ဝင် ဒေါ်သိမ့်သိမ့်သူမှ “အတွေးအမြင် သဘောထားကြီးရင့်မှု” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် လူမှုဆက်ဆံရေးနယ်ပယ်တွင် အတွေးအမြင်၊ အယူအစတို့၌ သဘောထားကြီးရင့်မှုသည် အရေးပါလှကြောင်း၊ သဘောထားကွဲလွဲမှုများကြောင့် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ထိုးနှက်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ တစ်ဖက်သား၏ စကားကို ကျိုးကြောင်းသေချာ နားလည်အောင် ကြိုးစားကြခြင်းမှာ သဘောထားကြီးခြင်း လက္ခဏာဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှလည်း နှစ်သက်ရာခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

သတင်း - မိုးဖြူလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)