MNP - ဧပြီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် တို့ကအမှာစကားပြောကြားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယယညွှန်ကြားရေးမှူး ဦးနေဝင်းက ဘေးစီမံဌာန၏ ဘေးထောက်ပံ့မှုနှုန်းထား များနှင့် ထောက်ပံ့သည့်အခြေအနေများ၊ လေပြင်းဘေး ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် နည်းပညာရပ်များအား ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး ဧပြီလ(၁၄)ရက်နေ့ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကဒူးကြီးကျေးရွာ အုပ်စု၊ ဗန်းမတ်ကျေးရွာတွင် အမိုးလန်နေအိမ်(၂၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၈၉၀၀၀၀/)ကျပ်ကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌကလည်း ကောင်း လေဘေးသင့် လူဦးရေ(၉၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၀၁၆၀၀/)ကျပ်ကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့မှ အသီးသီး ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်စား ရပ်မိရပ်ဖ များက လက်ခံရရှိခဲ့ကြောင်း သိရသည်။.
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment